top of page

ကျွန်တော်တို့ရဲ့  အတွေးအခေါ်တွေ ပြုပြင်ပြောင်းလဲဖို့ ဟာ အင်မတန်အရေးကြီးပါတယ်။

  • Tamas Wells
  • Sep 5, 2016
  • 1 min read

အရေးပေါ်အခြေအနေများကို ဒေသခံပြည်သူများကိုယ်တိုင်ခေါင်းဆောင်မှုနဲ့ တုန့်ပြန်နိုင်ဖို့အတွက် စစ်မှန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ (mindset) ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ဖို့လိုပါတယ်။

တိုးတက်မှုအရိပ်အရောင် တစ်ချို့မြင်ရပေမယ့် နိုင်ငံတကာမှာရော ပြည်တွင်းအဆင့် ကူညီထောက်ပံ့မှုစနစ်တွေမှာ တစ်ကယ့်တစ်ကယ် နှိမ့်ချတဲ့ အပြုအမူနဲ့စိတ်ထားများတွေ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ရဲ့  အတွေးအခေါ်တွေ ပြုပြင်ပြောင်းလဲဖို့ ဟာ အင်မတန်အရေးကြီးပါတယ်။ ဒီနေရာမှာ စိန်ခေါ်မေးခွန်းတွေရှိပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရံပုံငွေတိုးတက်ရရှိရေး အတွက်ဖိအားပေးမှုတွေကို ခံနိုင်ရည်ရှိပါသလား?

အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ အခြေခံပြည်သူတွေအတွက် လူစွမ်းကောင်း ဖြစ်ဖို့လား၊ ဒါမှမဟုတ် နောက်ထပ်ရလာမယ့် ငွေကြေးတွေအတွက် လူစွမ်းကောင်းဖြစ်ချင်တာလား ?

ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အောက်ခြေပြည်သူလူထိုကို အခြေခံပြီး တီထွင်ဆန်းသစ်တဲ့ လုပ်ငန်တွေကို ဆက်လက်လုပ်ဆောင်မလား၊ ဒါမှမဟုတ် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေက သူတို့ရဲ့ကဏ္ဍကို အခြေခံစည်းစားတဲ့အမြင်နဲ့ ပြန်လည်ထုတ်လုပ်ထားတဲ့ပုံစံနဲ့လုပ်ဆောင်မလား?

ဒေသခံပြည်သူများနဲ့ ထိခိုက်လွယ်သူများရဲ့ ပကတိအခြေအနေတွေကို ထင်ဟပ်နိုင်မှုနဲ့ ပါဝင်နိုင်မှုတွေကို မြှင့်တင်ဖို့ တော်တော်ကို အလှမ်းဝေးနေပါသေးတယ်။ အဲဒီ့အတွက် ဖောက်ထွက်ဆောင်ရွက်ဖို့ဟာ ဒေသခံနဲ့ပြည်တွင်းအဖွဲ့တွေဆီက လာရမှာဖြစ်ပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ ဘောင်ခတ်ထားတဲ့ အကူအညီနဲ့ရံပုံငွေတွေရဲ့ အန္တရာယ်ကို ကာကွယ်ရမှာဖြစ်သလို အရေးပေါ်အခြေအနေတွေရဲ့ခေါင်းကိုင်နေရာကို ရအောင်ယူဆောင်ပြီး အမှန်တစ်ကယ် ထိခိုက်တဲ့ပြည်သူတွေထံ အကူအညီတွေ စနစ်တကျရောက်ရှိနိုင်ဖို့ တာဝန်ခံရမှာဖြစ်ပါတယ်။

Justin Corbett, translation Nyein Zarni Naing

bottom of page